အနောက်ဘက်ကမ်းခြေဒေသတွင် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ပါလက်စတိုင်း ၄၀ ဦးကို ဖမ်းဆီးထားဟု အစ္စရေးစစ်တပ် ပြောကြား
အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ အနောက်ဘက်ကမ်းခြေမှာလူသေဆုံးစေတဲ့ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် တိုက်ခိုက်မှု ကျူးလွန်သူကို အဲဒီဒေသအနှံ့လိုက်လံဖမ်းဆီးမှုအတွင်း ပါလက်စတိုင်းအယောက် ၄၀ ကိုဖမ်းဆီးခဲ့တယ်လို့ အစ္စရေး စစ်တပ်က ဒီဇင်ဘာလ ၁၄ ရက်နေ့မှာပြောကြားခဲ့ပါတယ်။