အာဂျင်တီးနားတွင်ရထားလာနေချိန်သံလမ်းပေါ်ပြုတ်ကျသွားသည့်အမျိုးသမီးကို ဘေးလူများကအချိန်မီကယ်တင်နိုင်ခဲ့
ဖြစ်စဉ်ဖြစ်ပွားတဲ့နေ့က အောက်တိုဘာလ ၁၅ ရက်နေ့ပါ။ CCTV ရိုက်ကူးထားချက်အရ ဘူတာရုံမှာ အမျိုးသား၁ဦး မူးမေ့မလိုဖြစ်ရင်း ဘေးကအမျိုးသမီးကို အမှုမဲ့အမှတ်မဲ့တွန်းမိသွားရာကနေ အမျိုးသမီးက ပလက်ဖောင်းကိုကျော်ပြီး သံလမ်းပေါ်တည့်တည့်ပြုတ်ကျသွားတာဖြစ်ပါတယ်။ဖြစ်ချင်တော့ တဖက်မှာရထားကလည်းလာနေချိန်ဖြစ်ပါတယ်။
[Zawgyi]