တရားမဝင်ငါးဖမ်းရေယာဉ်များကို ထောက်လှမ်းဖမ်းဆီးနိုင်မည့် (VMS )စနစ်အတွက် စရိတ်နှင့် လစဉ်ကြေးမှာ ကော့သောင်းမှ ကင်းမွန်လှေငယ်အချို့အတွက် အခက်အခဲဖြစ်နေဟုဆို (ရုပ်သံ)
တရားမဝင်ငါးဖမ်းရေယာဉ်များကို ထောက်လှမ်းဖမ်းဆီးနိုင်မည့် (VMS )စနစ်အတွက် စရိတ်နှင့် လစဉ်ကြေးမှာ ကော့သောင်းမှ ကင်းမွန်လှေငယ်အချို့အတွက် အခက်အခဲဖြစ်နေဟုဆို (ရုပ်သံ)
တရားမဝင်ငါးဖမ်းရေယာဉ်တွေကို နိုင်ငံတကာစံနှုန်းတွေနဲ့အညီ ထောက်လှမ်းဖမ်းဆီးနိုင်မယ့် (VMS )စနစ်အတွက် စရိတ်နှင့် လစဉ်ကြေးမတတ်နိုင်တာကြောင့် ကင်းမွန်ရာသီစတင်ပြီဖြစ်ပေမယ့် ကော့သောင်းခရိုင်အတွင်းရှိ ကင်းမွန်လှေငယ်အချို့မှာ VMS စနစ်တပ်ဆင်ရန်နဲ့ လုပ်နင်းခွင်ဝင်ရန် အခက်အခဲများဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။















