ဆိုက်ဘေးရီးယားတွင် ဆည်ကျိုးပြီး မိုင်းလုပ်သား ၁၅ ဦး သေဆုံးခဲ့မှုအတွက် တာဝန်ရှိသူသုံးဦးကို ဖမ်းဆီး (ရုပ်သံ)
ခရက်စ်နိုယာ့စ်ခ်မြို့တောင်ဘက် မိုင် ၁၀၀ ခန့်အကွာ ရွှေသတ္တုတွင်းမှာ အောက်တိုဘာ ၁၉ ရက်နေ့က ဆည် ကျိုးပေါက်ခဲ့မှုကြောင့် မိုင်းလုပ်သားတွေနေတဲ့ တဲတွေကို ရေလွှမ်းသွားခဲ့ပြီး အဲဒီဖြစ်စဉ်အတွက် မိုင်းတူးဖော် ရေး ကုမ္ပဏီရဲ့ဒါရိုက်တာ၊ မန်နေဂျာနဲ့ အလုပ်သမားခေါင်းကို ဖမ်းဆီးထားတာဖြစ်ပါတယ်။