ပရီးမီးယားလိဂ် ရင်ခုန်သံ အပိုင်းအစများ (ရုပ်သံအစီအစဉ်)
■ အိုးလ်ထရက်ဖို့ဒ်မှာ နိုင်ပွဲမရခဲ့တာ လီဗာပူးလ်အတွက် ကမ္ဘာပျက်သွားတာမဟုတ်ပါဘူး။ ဒါပေမဲ့ အသင်းသမိုင်းတစ်လျှောက် တစ်ခါမှမရဖူးတဲ့ ပရီးမီးယားလိဂ်ချန်ပီယံမျှော်လင့်ချက်အတွက် Old Trafford Effect က ဘယ်လောက်သက်ရောက်မှုရှိမလဲ။
■ ရပ်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးက မပေးသင့်သလို၊ မာနေရဲ့ သွင်းဂိုးကလည်း မရသင့်ပါဘူး။ လီဗာပူးလ်ရဲ့ (၁၇)ပွဲဆက် ပရီးမီးယားလိဂ်နိုင်ပွဲမှတ်တမ်း ရပ်တန့်သွားရာမှာ VAR ဆုံးဖြတ်ချက်တွေ အဓိကကျခဲ့သလား။
■ ကလော့ပ်က ယူနိုက်တက်ဟာ သူတို့နဲ့ဆုံတွေ့တိုင်း ခံစစ်ပိတ်ကစားတယ်ဆိုပြီး ပြစ်တင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လီဗာပူးလ်နဲ့ပွဲမှာ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားအသုံးပြုခဲ့တဲ့ နည်းဗျူဟာက ဘတ်စ်ကားကွက်မဟုတ်ဘဲ ခံစစ်ကို စနစ်တကျ ကစားခြင်းဖြစ်ပါတယ်။ လီဗာပူးလ်နဲ့ပွဲက ဆိုးလ်ရှားရဲ့ နည်းဗျူဟာအပေါ်အမြင် စတာတွေကို Eleven Sports ရဲ့ အမှုဆောင်အယ်ဒီတာ ကိုနန္ဒဝန်ငြိမ်းချမ်းနဲ့ အကြီးတန်းအယ်ဒီတာ ကိုလင်းအာကာတို့က ပြန်လည်သုံးသပ်တင်ဆက်ပေးထားပါတယ်။