■ ကယန်းပဒေါင်လူမျိုးတွေဟာ မြန်မာနိုင်ငံမှာလူဦးရေနည်းပါးပြီး တစ်ချိန်ကလူသိနည်းလှတဲ့အနေအထား မှာရှိခဲ့ပေမယ့် ဒီနေ့အချိန်အခါမှာတော့ ကမ္ဘာကစိတ်ဝင်စားရတဲ့ လူမျိုးတွေဖြစ်နေပြီလို့ပြောရမှာဖြစ်ပါတယ်။ ယကန်းသူတွေရဲ့ အလှအပခြယ်သမှုတစ်ခုဖြစ်တဲ့ ကြေးကွင်းစွပ်အလှကတော့ တကယ့်ကိုအံ့ဖွယ်လို့ဆိုရမှာပါ။
■ လူငယ်အများစုက ကြေးကွင်းစွပ်ဓလေ့အပေါ်မှာ စိတ်ဝင်စားမှုနည်းလာကြတယ်လို့ဆိုပါတယ်။ တစ်ချို့လူလတ်ပိုင်းတွေအနေနဲ့ ခရီးသွားဧည့်သည်တွေ ကြည့်ရှုလေ့လာနိုင်ဖို့အတွက် ဖြုတ်ရတပ်ရ လွယ်ကူတဲ့ ကြေးကွင်းတွေကိုအချိန်ပိုင်းတပ်ဆင်ကြတာလည်းရှိပါတယ်။ ဒါပေမယ့်ဒေါ်မူသွဲ့လို အချိန်ပြည့် တပ်ဆင်ထားသူတွေနဲ့နှိုင်းယှဉ်ရင်တော့ ကြေးကွင်းစွပ်အလှကိုကြည့်ရှုရတဲ့ အရသာက ကွာခြားလှတယ် လို့ဆိုကြပါတယ်။
ကြေးကွင်းစွပ် ကယန်းယဉ်ကျေးမှုနှင့် ရိုက်ခတ်လာသည့် ခေတ်ရေးစီးကြောင်း (Feature - ရုပ်သံအစီအစဉ်)