အရှေ့ဂျေရုစလင်အား ပါလက်စတိုင်း မြို့တော်အဖြစ် ထောက်ခံသည့် သြစတြေးလျ၏ သဘောထားကို အစ္စရေး မကျေနပ်
အနောက်ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် တရားဝင် အသိအမှတ်ပြုကြောင်း၊ အရှေ့ဂျေရုစလင်ကိုလည်း ပါလက်စတိုင်းမြို့တော်အဖြစ် ဆက်လက်ထောက်ခံသွားမှာဖြစ်ကြောင်း ကြေညာခဲ့တဲ့ သြစတြေးလျနိုင်ငံရဲ့သဘောထားကို အစ္စရေးဘက်က ဒီဇင်ဘာ ၁၆ ရက်မှာ သဘောမကျတဲ့ အရိပ်အယောင်ပြလိုက်ပါတယ်။