■ မြန်မာလူမျိုးတွေဟာ နေ့စဉ် ရှုံးနိမ့်မှုတွေ၊ နိမ့်ပါးမှုတွေ ၊ ရုန်းကန်ရမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ လူအဖွဲ့အစည်းမှာနေထိုင်ကြတယ်လို့ ဆိုရမလား။ နေ့စဉ်လည်ပတ်နေတဲ့ လုပ်အားထုတ်လုပ်ရောင်းချမှုရဲ့ လူတန်းစား မညီမျှမှု ဂေဟစနစ်ကြားမှာ တူညီတာတစ်ခုကတော့ အားကစားကို ရူးသွပ်ခဲ့ကြတာပါပဲ။ အထူးသဖြင့် ဘောလုံးအားကစားနည်းဟာ မြန်မာပရိသတ်တွေရဲ့ နှလုံးသားကို နှစ်ပေါင်းများစွာ လှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့တဲ့အရာဖြစ်ပြီး နောက်ပိုင်းနှစ်တွေမှာ ပျော်ရွှင်ရတာထက် ဝမ်းနည်းရတာ ပိုများနေပါတယ်။
■ လက်ရှိအချိန်မှာလည်း မြန်မာ့လက်ရွေးစင်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ မွန်ဂိုးလီးယား၊ဂျပန်၊ ကာဂျစ်စတန်အသင်းတွေကို ရှုံးနိမ့်ထားခဲ့တယ်။ မြန်မာ့လက်ရွေးစင်အသင်းဟာ ရဂိုး၊ ရမှတ်လုံးဝမရသေးတဲ့ အနေအထားဖြစ်နေပြီး မွန်ဂိုးလီးယားကို အဝေးကွင်းမှာ (၁-ဝ)ဂိုး၊ကာဂျစ်စတန်ကို အဝေးကွင်းမှာ (၇-ဝ)ဂိုးတွေနဲ့ ရှုံးနိမ့်ခဲ့ရတာတွေဟာ အရှက်တကွဲ ရှုံးနိမ့်မှုပဲဖြစ်ပါတယ်။ ဒီအခြေအနေကြောင့် နည်းပြ ရာဒူလိုဗစ်လည်း လက်ရွေးစင်အသင်းနဲ့လမ်းခွဲခဲ့ရပြန်ပါတယ်။
■ ဒါပေမယ့်လည်း မျှော်လင့်ချက်ဆိုတာ မကြာခဏလည်း ပြန်ကောက်ရတတ်တယ် မဟုတ်လား။ အခုဆိုရင် နည်းပြသစ် အန်တွမ်နီဟေးနဲ့ အတူ မြန်မာ့လက်ရွေးစင် ကစားသမားတွေဟာ မွန်ဂိုလီးယား၊တာဂျစ်ကစ္စတန်အသင်းတွေနဲ့ ကစားရပါဦးမယ်။ (၃)ပွဲကစားပြီးချိန်မှာ အမှတ်လုံးဝမရသေးပေမယ့် လာမယ့် (၂)ပွဲမှာ အနိမ့်ဆုံး(၄)မှတ်လောက်ရအောင်ယူနိုင်ခဲ့မယ်ဆိုရင် ၂၀၂၃ အာရှဖလားပြိုင်ဝင်ခွင့်အတွက်လည်း မျှော်လင့်ချက်ရှိနေတဲ့ အနေအထားဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းဟာ လာမယ့် နိုဝင်ဘာ (၁၄)ရက်နေ့မှာ တာဂျစ်ကစ္စတန်၊ နိုဝင်ဘာ(၁၉)ရက်နေ့မှာ မွန်ဂိုလီးယား အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားရတော့မှာပါ။ ဒီပွဲစဉ်တွေကို မန္တလေးမြို့ရှိ မန္တလာသီရိ အားကစားကွင်းမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။ မြန်မာဘောလုံးအသင်းနဲ့အတူ ပျော်ရွှင်ချင်တဲ့ မျှော်လင့်ချက်ကြောင့် အဲဒီပွဲစဉ်တွေအပေါ် ပရိသတ်တွေ အားပေးပါဦးမယ်။
ဒီတစ်ခါရော ပျော်ရွှင်ရမလား၊ ဝမ်းနည်းရမလား။