■ စပါးအသင်းကို အနိုင်ယူခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အင့်စ်က စပါးနောက်ခံလူ အယ်လ်ဒါဝီရယ်လ်ကို ကျော်ဖြတ်ပြီး သူ့အတွက် လက်ရှိရာသီ (၁၃)ဂိုးမြောက် အမှတ်ပေးသွင်းဂိုးကို လှလှပပသွင်းယူခဲ့ပါတယ်။
■ တစ်ချိန်က အင်္ဂလန်ရဲ့ တက်သစ်စကြယ်တစ်ပွင့်ဖြစ်ခဲ့ဖူးသူ ဒန်နီယဲလ်အင့်စ်ဟာ ဒဏ်ရာပြသနာတွေကြောင့် လီဗာပူးလ်အသင်းမှာ အောင်မြင်မှုမရခဲ့ဘူး။ ဆောက်သမ်တန်မှာတော့ သူက သွင်းဂိုးတွေရဲ့ အရသာ၊ အောင်မြင်မှုရဲ့ရနံ့ကို စတင်ခံစားနေရပါပြီ။
■ ပြီးခဲ့တဲ့ရာသီတုန်းက သူဟာ လီဗာပူးလ်အသင်းဖော်ဟောင်းဆာလာနဲ့ ဘယ်သူဂိုးပိုသွင်းမလဲဆိုတဲ့ခေါင်းစဉ်နဲ့ လောင်းကြေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ မနှစ်က သူ ရှုံးနိမ့်ခဲ့ပါတယ်။
■ ဒီရာသီမှာတော့ ဆာလာတစ်ယောက် ပရီးမီးယားလိဂ် (၉) ဂိုးပဲ သွင်းရသေးချိန်မှာ အင့်စ်က (၁၃) ဂိုးအထိ သွင်းယူထားပါတယ်။ ရာသီကုန်ကျရင် သူနဲ့ ဆာလာ ဘယ်သူဂိုးပိုသွင်းနိုင်မလဲဆိုတာက စိတ်ဝင်စားစရာကောင်းနေပါတယ်။
(Zawgyi ဖြင့် ဖတ်ရန်)
ဆာလာထက်ဂိုးပိုသွင်းမယ်လို့ လောင်းကြေးထပ်ခဲ့သူ ဒန်နီယဲလ်အင့်စ်