၂၀၁၆ ဧပြီလမှ ၂၀၁၈ ဇွန်လအထိ ပြည်ပရောက် အလုပ်သမားများ မြန်မာနိုင်ငံသို့ ငွေလွှဲပို့သည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၄၂၈ ဒသမ ၄၆၈ သန်းရှိကြောင်း စီမံဘဏ္ဍာဒုဝန်ကြီး ပြောကြား
၂၀၁၆ ဧပြီလမှ ၂၀၁၈ ဇွန်လအထိ မြန်မာနိုင်ငံသို့ ပြန်လည်ငွေလွှဲပို့တဲ့ ပြည်ပရောက် အလုပ်သမားဦးရေ စုစုပေါင်း ၁၄၅၄၈၆၇ ဦးရှိပြီး ငွေလွှဲပို့တဲ့ ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၄၂၈ ဒသမ ၄၆၈ သန်းရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားခဲ့ပါတယ်။