ဇန်နဝါရီ ၉ ရက် နေ့လယ်ခင်း သတင်းအစီအစဉ်
■ တောင်းဆိုဖက်ဘက်က ဖြစ်နိုင်ခြေရှိသည်ကိုသာ တောင်းဆိုပါက ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်း အဖြေရှာချိန် ကြန့်ကြာမှုကို ကျော်လွှားနိုင်မည်ဟု ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဆို
■ ရန်ကုန်တိုင်းအစိုးရ ရင်းနှီးငွေထည့်ဝင်ထားသည့် YBS ကုမ္ပဏီနှစ်ခုဖြစ်သော YUPT နှင့် YBPC ကုမ္ပဏီများ ကျပ်သန်းပေါင်း ၃၈၀၀ ကျော် အရှုံးပေါ်နေဟု သိရ
■ မြန်မာ့ရေပိုင်နက်အတွင်း ဖမ်းမိခဲ့သော ဘင်္ဂါလီ ၁၇၂ ဦးကို ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ပြန်လည်ပို့ဆောင်
■ အွန်လိုင်းငွေပေးချေမှုဆိုင်ရာ လုံခြုံရေးစနစ်ကို အဆင့်မြှင့်တင်ရန် လုပ်ဆောင်မှုအဖြစ် MPU နှင့် RITZ Cyber Security Services တို့ သဘောတူညီမှုဆိုင်ရာ လက်မှတ်ရေးထိုး