စပါးရဲ့ တိုက်စစ်ကြယ်ရောင်ကင်းမဲ့ချိန်

စပါးရဲ့ တိုက်စစ်ကြယ်ရောင်ကင်းမဲ့ချိန်
Published 11 January 2020

 

Special One မော်ရင်ဟိုရဲ့ နေမဝင်အင်ပါယာက စပါးအသင်းမှာလည်း အရောင်မှိန်နေတယ်။ စပါးနည်းပြဘ၀ အစောပိုင်းနေ့စွဲတွေမှာ တိုက်စစ်ဦးစားပေးကစားဟန်နဲ့ ပျော်ရွှင်ဖွယ်ရာများ ဖန်ဆင်းပေးနိုင်ခဲ့ပြီး သူ့ဆီကနေ သိပ်ပြီးမြင်တွေ့ရလေ့မရှိတဲ့ ဖျော်ဖြေရေးဆန်ဆန်ကစားဟန်ကိုပါ မြင်ခဲ့ရလို့ Special One ပြန်လာပြီလားလို့ တွေးထင်ခဲ့ကြတယ်။ ဒါပေမဲ့ နောက်ပိုင်းပွဲတွေမှာ မော်ရင်ဟိုရဲ့ ဂုဏ်သိက္ခာအတောင်ပံတွေ ထပ်ပြီးရိုက်ချိုးခံခဲ့ရတယ်။ လီဗာပူးလ်အသင်းနဲ့ တိုက်ပွဲမှာသာ ကျရှုံးခဲ့ရင် မော်ရင်ဟိုရဲ့ အတိတ်ဂုဏ်ပုဒ်တွေအားလုံးကို လူတွေမေ့သွားနိုင်တယ်မဟုတ်လား။

ဒီလိုအကျပ်အတည်းကာလမျိုးမှာ မော်ရင်ဟိုနဲ့ စပါးအသင်းအတွက် တိုက်စစ်ကြယ်ရောင် ကင်းမဲ့နေပါတယ်။ ဒဏ်ရာပြဿနာကြောင့် ဟာရီကိန်းက သုံးလကြာအနားယူရမှာဖြစ်ပြီး လာမယ့် ဧပြီလအထိကစားနိုင်မှာမဟုတ်ဘူး။ ဒါဟာ မော်ရင်ဟိုနဲ့ စပါးအသင်းအတွက် သတင်းဆိုးပါပဲ။ ပြီးခဲ့တဲ့ငါးရာသီအတွင်းမှာ စပါးအသင်းက ဟာရီကိန်းမပါဝင်နိုင်တဲ့ပွဲတွေဆိုရင် နိုင်ပွဲရာခိုင်နှုန်း ကိုးရာခိုင်နှုန်းအထိ ကျဆင်းသွားလေ့ရှိတယ်။ 

ဟာရီကိန်းအနားယူရမယ့်အချိန်တွေဟာ ဘောလုံးရာသီတစ်ခုရဲ့ အဆုံးအဖြတ်အချိန်တွေဖြစ်နေတာကြောင့် ဟာရီကိန်းမရှိဘဲ စီးချင်းထိုးရမယ့် Big Match တွေက ဘာများဖြစ်မလဲ။ မော်ရင်ဟိုခေတ် ကုန်သွားပြီလားဆိုတဲ့ မေးခွန်းဟာ စပါးအသင်းမှာ မော်ရင်ဟို ဘယ်လောက်အောင်မြင်မလဲဆိုတာနဲ့ တိုက်ရိုက်အချိုးကျနေပါလိမ့်မယ်။ မော်ရင်ဟိုရဲ့ အတိတ်အရိပ်တွေထဲ လိုအပ်တာထက် ဝင့်ကြွားတဲ့ဟန်ပန်တွေ၊ ဝင့်ကြွားတဲ့စကားလုံးတွေ စွန်းထင်းခဲ့ပေမယ့် Special One တစ်ဦး နေဝင်ချိန်စောမှာကို ဘယ်သူမှ မမြင်ချင်ကြသေးပါဘူး။ 

 ■ (Zawgyi ျဖင့္ ဖတ္ရန္)

စပါးရဲ႕ တုိက္စစ္ၾကယ္ေရာင္ကင္းမဲ့ခ်ိန္

Special One ေမာ္ရင္ဟိုရဲ႕ ေနမ၀င္အင္ပါယာက စပါးအသင္းမွာလည္း အေရာင္မွိန္ေနတယ္။ စပါးနည္းျပဘ၀ အေစာပိုင္းေန႔စြဲေတြမွာ တုိက္စစ္ဦးစားေပးကစားဟန္နဲ႔ ေပ်ာ္ရႊင္ဖြယ္ရာမ်ား ဖန္ဆင္းေပးႏုိင္ခဲ့ၿပီး သူ႔ဆီကေန သိပ္ၿပီးျမင္ေတြ႕ရေလ့မရွိတဲ့ ေဖ်ာ္ေျဖေရးဆန္ဆန္ကစားဟန္ကိုပါ ျမင္ခဲ့ရလို႔ Special One ျပန္လာၿပီလားလို႔ ေတြးထင္ခဲ့ၾကတယ္။ ဒါေပမဲ့ ေနာက္ပိုင္းပြဲေတြမွာ ေမာ္ရင္ဟိုရဲ႕ ဂုဏ္သိကၡာအေတာင္ပံေတြ ထပ္ၿပီး႐ုိက္ခ်ဳိးခံခဲ့ရတယ္။ လီဗာပူးလ္အသင္းနဲ႔ တုိက္ပြဲမွာသာ က်႐ႈံးခဲ့ရင္ ေမာ္ရင္ဟိုရဲ႕ အတိတ္ဂုဏ္ပုဒ္ေတြအားလံုးကို လူေတြေမ့သြားႏုိင္တယ္မဟုတ္လား။

ဒီလိုအက်ပ္အတည္းကာလမ်ဳိးမွာ ေမာ္ရင္ဟိုနဲ႔ စပါးအသင္းအတြက္ တုိက္စစ္ၾကယ္ေရာင္ ကင္းမဲ့ေနပါတယ္။ ဒဏ္ရာျပႆနာေၾကာင့္ ဟာရီကိန္းက သံုးလၾကာအနားယူရမွာျဖစ္ၿပီး လာမယ့္ ဧၿပီလအထိကစားႏုိင္မွာမဟုတ္ဘူး။ ဒါဟာ ေမာ္ရင္ဟိုနဲ႔ စပါးအသင္းအတြက္ သတင္းဆိုးပါပဲ။ ၿပီးခဲ့တဲ့ငါးရာသီအတြင္းမွာ စပါးအသင္းက ဟာရီကိန္းမပါ၀င္ႏုိင္တဲ့ပြဲေတြဆိုရင္ ႏုိင္ပြဲရာခုိင္ႏႈန္း ကိုးရာခုိင္ႏႈန္းအထိ က်ဆင္းသြားေလ့ရွိတယ္။ 

ဟာရီကိန္းအနားယူရမယ့္အခ်ိန္ေတြဟာ ေဘာလံုးရာသီတစ္ခုရဲ႕ အဆံုးအျဖတ္အခ်ိန္ေတြျဖစ္ေနတာေၾကာင့္ ဟာရီကိန္းမရွိဘဲ စီးခ်င္းထိုးရမယ့္ Big Match ေတြက ဘာမ်ားျဖစ္မလဲ။ ေမာ္ရင္ဟိုေခတ္ ကုန္သြားၿပီလားဆိုတဲ့ ေမးခြန္းဟာ စပါးအသင္းမွာ ေမာ္ရင္ဟို ဘယ္ေလာက္ေအာင္ျမင္မလဲဆိုတာနဲ႔ တုိက္႐ုိက္အခ်ဳိးက်ေနပါလိမ့္မယ္။ ေမာ္ရင္ဟိုရဲ႕ အတိတ္အရိပ္ေတြထဲ လုိအပ္တာထက္ ၀င့္ၾကြားတဲ့ဟန္ပန္ေတြ၊ ၀င့္ၾကြားတဲ့စကားလံုးေတြ စြန္းထင္းခဲ့ေပမယ့္ Special One တစ္ဦး ေန၀င္ခ်ိန္ေစာမွာကို ဘယ္သူမွ မျမင္ခ်င္ၾကေသးပါဘူး။ 
 

Most Viewed

Most Recent