ဇန်နဝါရီ ၁၃ ရက် နေ့လယ်ခင်း သတင်းအစီအစဉ်
■ ပုသိမ်မြို့၏ သမိုင်းဝင် နိဂြောဓာ ဗျာဒိတ်ပေးဘုရား မြို့တွင်းလှည့်လည် အပူဇော်ခံပွဲကို ရှမ်းကုန်သည် လှည်းယဉ်များနှင့်အတူ ပြုလုပ်
■ ၂၀၂၀ ပြည့်နှစ်တွင် နှစ်ဖက်အပစ်အခတ်ရပ်စဲပြီး တိုက်ပွဲများအဆုံးသတ်ရန် မျှော်လင့်ဟု TNLA ဆို
■ တစ်သီးစားသာ စိုက်ပျိုးလေ့ရှိသော လပွတ္တာတွင် မိုးရေမလုံလောက်၍ စပါးများအထွက်နှုန်းလျော့ကာ တံစဉ်လွတ်သည်အထိ တောင်သူများ ကြုံတွေ့နေ
■ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကြောင့် တောင်ကြီးမြို့၊ စူဠာမုနိလောကချမ်းသာ စေတီတော်တွင် နှစ်စဉ်ကျင်းပခဲ့သည့် ရှားမီးပူဇော်ပွဲကို ပိတ်ပင်
■ ချင်းတွင်းမြစ်အတွင်း မြူများထူထပ်စွာကျဆင်းနေမှုကြောင့် ရေယာဉ်များ သတိပြု သွားလာနေရ
အစရှိတဲ့သတင်းတွေ ပါဝင်ပါတယ်။