အဂွဲရိုးကို ဂန္ထဝင်တစ်ဦးအဖြစ် အသိအမှတ် ပြုပေးကြပါ

အဂွဲရိုးကို ဂန္ထဝင်တစ်ဦးအဖြစ် အသိအမှတ် ပြုပေးကြပါ
Published 13 January 2020

 

ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားလို့ စာရွက်ပေါ်ချရေးလိုက်ရင် အွန်နရီ၊ ဒရော့ဘာ၊ ရွန်နီ၊ စီရော်နယ်လ်ဒိုတို့ကို လူတိုင်းပြေးမြင်မိပေမယ့် အဂွဲရိုးလို့ တစ်ခုတ်တရပြောတဲ့သူကတော့ တော်တော်လေး ရှားပါတယ်။

မန်စီးတီးရပ်ဝန်းမှာ၊ သူ့အသင်းဖော်တွေနဲ့ မိသားစုတွေကြားမှာတော့ အဂွဲရိုးက သူရဲကောင်းတစ်ယောက်၊ အစားထိုးမရတဲ့ ဂန္ထဝင်တစ်ယောက်ပါပဲ။ အဂွဲရိုးအတွက် အသိအမှတ်ပြုမှုတွေဟာ အခုထက်ပိုပြီး ထိုက်တန်ပါတယ်။