ဇန်နဝါရီလ ၁၃ ရက် ညပိုင်းသတင်းအစီအစဉ်
■ ဝန်ကြီးများရုံးအား ငှားရမ်းထားသူများမှ သမိုင်းအမွေအနှစ်ကို တန်ဖိုးမထားဘဲ မလျော်မကန် စီးပွားရှာခြင်းမျိုး မဖြစ်စေရန် တိုင်းအစိုးရအဖွဲ့က ကြပ်မတ်သင့်ကြောင်း ပြည်သူ့ငွေစာရင်း ကော်မတီ အကြံပြု
■ ကမ္ဘာ့ရွှေဈေး မြင့်နေသော်လည်း ပြည်တွင်းတွင် ဒေါ်လာဈေး ကျသဖြင့် မြန်မာ့ရွှေဈေး ကျပ် ၁၂ သိန်း ဝန်းကျင်မှာသာ ရှိနိုင်ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ သုံးသပ်
■ အခြေခံပညာအတန်းများ၏ စာသင်ကာလ တိုးမြှင့်လိုက်ခြင်းကို ကန့်ကွက်သည့် ဖဲကြိုးစိမ်းလှုပ်ရှားမှု မော်လမြိုင်နှင့် ထားဝယ် ပညာရေးကောလိပ်များတွင် ပြုလုပ်
အစရှိတဲ့ ပြည်တွင်းသတင်းတွေ ပါဝင်ပါတယ်။