မြို့သစ်စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံငွေသည် ကြွေးမြီဘတ်ဂျက်အဖြစ် သုံးစွဲထားသဖြင့် ဝင်ငွေပြန်ရရန် လိုအပ်ဟု ရန်ကုန်တိုင်းလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ထောက်ပြ
မြို့သစ်စီမံကိန်းအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ ရင်းနှီးမြှုပ်နှံငွေမှာ သာမန်ဘတ်ဂျက်မှ သုံးစွဲတာမဟုတ်ဘဲ ရင်းနှီးမြှုပ်နှံမှုခေါင်းစဉ်နဲ့ ကြွေးမြီဘတ်ဂျက်အဖြစ် သုံးစွဲထားတာဖြစ်တဲ့အတွက် ကာလအတိုင်းအတာတစ်ခုမှာ ဝင်ငွေပြန်လည်ရရှိဖို့ လိုအပ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီက ထောက်ပြခဲ့ပါတယ်။