နိုင်ငံခြားသားနှင့် ခရိုနီများပိုင် ကလေးကစားကွင်းအမည်ခံ လောင်းကစားကွင်းများကို လာဘ်ပေး လာဘ်ယူမှုများကြောင့် အရေးယူရန် ခဲယဉ်းနေဟုဆို
နိုင်ငံခြားသားနဲ့ ခရိုနီတွေပိုင်တဲ့ ကလေးကစားကွင်းအမည်ခံ လောင်းကစားကွင်းတွေကို လာဘ်ပေး လာဘ်ယူမှုတွေကြောင့် ဖော်ထုတ်အရေးယူဖို့ခဲယဉ်းနေပြီး ဖမ်းဆီးမယ်ဆိုရင်လည်း ကြိုတင်သတင်းပေးမှုတွေ ရှိနေတယ်လို့ လမ်းမတော်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမာက ပြောပါတယ်။