မွန်ညီညွတ်ရေးပါတီက ကိုယ်စားလှယ်လောင်းရွေးချယ်စိစစ်ရေးဗဟိုကော်မတီ ဖွဲ့စည်း

မွန်ညီညွတ်ရေးပါတီက ကိုယ်စားလှယ်လောင်းရွေးချယ်စိစစ်ရေးဗဟိုကော်မတီ ဖွဲ့စည်း
Published 16 January 2020

မွန်ညီညွတ်ရေးပါတီအနေနဲ့ ကိုယ်စားလှယ်လောင်းရွေးချယ်စိစစ်ရေးဗဟိုကော်မတီကို ဖွဲ့စည်းလိုက်ပြီး ဒီကိုယ်စားလှယ်လောင်း ရွေးချယ်စိစစ်ရေးဗဟိုအဖွဲ့ကနေ စိစစ်ရွေးချယ်မယ့်မူတွေ၊ မြို့နယ်အဆင့် ကိုယ်စားလှယ်လောင်း ရွေးချယ်စိစစ်ရေး ဖွဲ့စည်း ရမယ့်လူတွေကို အတည်ပြုနိုင်ခဲ့တယ်လို့ မွန်ညီညွတ်ရေးပါတီ အထွေထွေအတွင်းရေးမှူး (၁) ဖြစ်သူ နိုင်လယိတမက ပြောပါ တယ်။