နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ တရုတ်သမ္မတ ရှီကျင်ပင်းအား သီးခြားစီတွေ့ဆုံပြီး BRI စီမံကိန်းနှင့် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံကိစ္စရပ်များ ထည့်သွင်းဆွေးနွေး

နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ တရုတ်သမ္မတ ရှီကျင်ပင်းအား သီးခြားစီတွေ့ဆုံပြီး BRI စီမံကိန်းနှင့် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံကိစ္စရပ်များ ထည့်သွင်းဆွေးနွေး
Published 18 January 2020

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မြန်မာနိုင်ငံကို တရားဝင် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေတဲ့ တရုတ်သမ္မတ ရှီကျင်ပင်းကို ဇန်နဝါရီလ ၁၇ ရက်က နေပြည်တော်သမ္မတအိမ်တော်မှာ သီးခြားစီ လက်ခံတွေ့ဆုံပြီး BRI စီမံကိန်းနဲ့ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။