ဇန်နဝါရီလ ၂၂ ရက်နေ့ နေ့လယ်ခင်းသတင်းအစီအစဉ်
■ ပြည်သူ့ငွေဖြင့် ရင်းနှီးထားသည့် ကုမ္ပဏီများကို စီမံခန့်ခွဲရာတွင် ဆုံးရှုံးမှုမဖြစ်စေရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်က ကတိပေးထား သော်လည်း စာရင်းစစ်ချုပ်အစီရင်ခံစာအနှစ်ချုပ်အရမူ အရင်းပြုတ်မည့်အနေအထားဖြစ်နေဟု လွှတ်တော်ကိုယ်စားလှယ် ဆို
■ မော်လမြိုင်ကုန်စည်ဒိုင်စတင်ဖွင့်လှစ်ခဲ့ပြီး ရေထွက်ပစ္စည်းများပါတိုးချဲ့ရောင်းဝယ်ရန် ဝန်ကြီးချုပ် ပြောကြား
■ ရခိုင်ပြည်နယ်အတွင်းမှ နေရပ်စွန့်ခွာကြရသူများအတွက် အိန္ဒိယအစိုးရက လှူဒါန်းသည့် အသုံးဆောင်ပစ္စည်းများအား ပြည်နယ်အစိုးရသို့လွှဲအပ်
■ ကျိုက်မရောမြို့နယ်၊ ခရုံကျေးရွာရှိရှေးဟောင်းသမိုင်းဝင် ခရုံဂူအတွင်းရှိ အင်္ဂတေရုပ်ပွားတော် (၈၅) ဆူကို ရောင်တော်ဖွင့်လုပ်ငန်းဆောင်ရွက်မည်
အစရှိတဲ့သတင်းတွေပါဝင်ပါတယ်။