ဆရာဝန်ဖြစ်တည်မှုရောမင်းသမီးဖြစ်တည်မှုရောအားပေးလို့ ဝမ်းသာပေမယ့် ဆေးလာကုချင်လို့ ဖျားချင်တယ်ဆိုတာတော့မကြိုက်ဘူး ၊ ကျန်းကျန်းမာမာနေစေချင်တယ်လို့ ဆိုတဲ့ ပိုးမမှီသာ
လက်ရှိ ရန်ကုန်ဆေးရုံကြီးမှာတာဝန်ကျနေပြီး ဂျူတီအားတဲ့အချိန်တွေမှာ အနုပညာအလုပ်တွေမျှတအောင်လုပ်နေတယ်ဆိုတဲ့ ဆရာဝန်မလေးပိုးမမှီသာက ဆရာဝန်ဘဝနဲ့ အနုပညာသည်ဘ၀ နှစ်ခုလုံးကိုချစ်ပြီးလုပ်ခွင့်ရသမျှ လုပ်ခွင့်ရှိသလောက် မျှတအောင်ကြိုးစားချင်တယ်လို့ဆိုပါတယ်။