ထိုင်းအသင်းနှင့် ခြေစမ်းပွဲအတွက် မြန်မာအမျိုးသမီးအသင်း လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်

ထိုင်းအသင်းနှင့် ခြေစမ်းပွဲအတွက် မြန်မာအမျိုးသမီးအသင်း လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်
Published 24 January 2020

ထိုင်းအသင်းနှင့် ခြေစမ်းပွဲအတွက် မြန်မာအမျိုးသမီးအသင်း လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်
လာမယ့်ဇန်နဝါရီလ (၂၅)ရက်နဲ့ (၂၈)ရက်တွေမှာ ထိုင်းလက်ရွေးစင်အမျိုးသမီးအသင်းနဲ့ ခြေစမ်းပွဲကစားမယ့် မြန်မာလက်ရွေးစင်အသင်းအမျိုးသမီးက လေ့ကျင့်ပြင်ဆင်မှုတွေ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။
မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းက ၂၀၂၀ တိုကျိုအိုလံပစ်ခြေစစ်ပွဲတတိယအဆင့်ပွဲစဉ်တွေမတိုင်မီ အကြိုပြင်ဆင်မှုအဖြစ် ထိုင်းလက်ရွေးစင်အမျိုးသမီးအသင်းနဲ့ ခြေစမ်းပွဲကစားတာဖြစ်ပါတယ်။ အဆိုပါ ခြေစမ်းပွဲ (၂)ပွဲကို မန္တလေးမြို့၊ မန္တလာသီရိအားကစားကွင်းမှာ ကစားသွားမှာဖြစ်ပါတယ်။ မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းက ဇန်နဝါရီလ (၂၃)ရက်မှာ မန္တလေးမြို့ကို ရောက်ရှိခဲ့ပြီး မနက်ပိုင်းမှာ မန္တလေးဘောလုံးအကယ်ဒမီလေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ခဲ့သလို၊ညနေပိုင်းမှာလည်း လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ 
မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းနဲ့ ထိုင်းလက်ရွေးစင်အမျိုးသမီးအသင်းတို့ရဲ့ ခြေစမ်းပွဲကို ပရိသတ်တွေ အခမဲ့ကြည့်ရှုနိုင်အောင် စီစဉ်ထားတယ်လို့ သိရပါတယ်။ မြန်မာလက်ရွှေးစင်အမျိုးသမီးအသင်းက ၂၀၂၀ တိုကျိုအိုလံပစ်ခြေစစ်ပွဲတတိယအဆင့်ရဲ့ အုပ်စု (က)မှာ တောင်ကိုရီးယား၊ ဗီယက်နမ်၊ မြောက်ကိုရီးယားအသင်းတွေနဲ့ အတူကျရောက်နေပါတယ်။ အုပ်စု (ခ)မှာ သြစတြေးလျ၊ တရုတ်၊ ထိုင်းနဲ့ တရုတ်တိုင်ပေအသင်းတွေပါဝင်နေပါတယ်။ 

(Zawgyi ျဖင့္ ဖတ္ရန္)

ထိုင္းအသင္းႏွင့္ ေျခစမ္းပြဲအတြက္ ျမန္မာအမ်ဳိးသမီးအသင္း ေလ့က်င့္ျပင္ဆင္မႈမ်ားျပဳလုပ္
လာမယ့္ဇန္န၀ါရီလ (၂၅)ရက္နဲ႔ (၂၈)ရက္ေတြမွာ ထိုင္းလက္ေရြးစင္အမ်ဳိးသမီးအသင္းနဲ႔ ေျခစမ္းပြဲကစားမယ့္ ျမန္မာလက္ေရြးစင္အသင္းအမ်ဳိးသမီးက ေလ့က်င့္ျပင္ဆင္မႈေတြ စတင္ျပဳလုပ္ေနၿပီျဖစ္ပါတယ္။
ျမန္မာလက္ေရြးစင္အမ်ဳိးသမီးအသင္းက ၂၀၂၀ တုိက်ဳိအိုလံပစ္ေျခစစ္ပြဲတတိယအဆင့္ပြဲစဥ္ေတြမတုိင္မီ အႀကိဳျပင္ဆင္မႈအျဖစ္ ထုိင္းလက္ေရြးစင္အမ်ဳိးသမီးအသင္းနဲ႔ ေျခစမ္းပြဲကစားတာျဖစ္ပါတယ္။ အဆိုပါ ေျခစမ္းပြဲ (၂)ပြဲကို မႏၱေလးၿမိဳ႕၊ မႏၱလာသီရိအားကစားကြင္းမွာ ကစားသြားမွာျဖစ္ပါတယ္။ ျမန္မာလက္ေရြးစင္အမ်ဳိးသမီးအသင္းက ဇန္န၀ါရီလ (၂၃)ရက္မွာ မႏၱေလးၿမိဳ႕ကို ေရာက္ရွိခဲ့ၿပီး မနက္ပိုင္းမွာ မႏၱေလးေဘာလံုးအကယ္ဒမီေလ့က်င့္ေရးကြင္းမွာ ေလ့က်င့္ခဲ့သလုိ၊ညေနပိုင္းမွာလည္း ေလ့က်င့္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။ 
ျမန္မာလက္ေရြးစင္အမ်ဳိးသမီးအသင္းနဲ႔ ထုိင္းလက္ေရြးစင္အမ်ဳိးသမီးအသင္းတို႔ရဲ႕ ေျခစမ္းပြဲကို ပရိသတ္ေတြ အခမဲ့ၾကည့္႐ႈႏုိင္ေအာင္ စီစဥ္ထားတယ္လုိ႔ သိရပါတယ္။ ျမန္မာလက္ေရႊးစင္အမ်ဳိးသမီးအသင္းက ၂၀၂၀ တိုက်ဳိအိုလံပစ္ေျခစစ္ပြဲတတိယအဆင့္ရဲ႕ အုပ္စု (က)မွာ ေတာင္ကိုရီးယား၊ ဗီယက္နမ္၊ ေျမာက္ကိုရီးယားအသင္းေတြနဲ႔ အတူက်ေရာက္ေနပါတယ္။ အုပ္စု (ခ)မွာ ၾသစေၾတးလ်၊ တ႐ုတ္၊ ထုိင္းနဲ႔ တ႐ုတ္တုိင္ေပအသင္းေတြပါ၀င္ေနပါတယ္။ 
 

Most Viewed

Most Recent