ဝူဟန်ဗိုင်းရပ်စ်သံသယဖြစ်စဉ်များကြောင့် စမ်းသပ်စစ်ဆေးခဲ့သူများနှင့် ပတ်သက်၍ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူရှင်းလင်းချက်
ဦးဇော်ဌေး(နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ)
တရုတ်နိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ် ပိုးစတင်ခဲ့ပြီးနောက် မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၂၀ ရက်နေ့ကနေစတင်ပြီး ဇန်နဝါရီ ၃၁ ရက်နေ့ထိ ဖျားနာမှု သံသယများဖြင့် ကျန်းမာရေးစစ်ဆေးမှုများလုပ်ဆောင်ခဲ့တဲ့ ဖြစ်စဉ် များ ရှိခဲ့တဲ့အပေါ် နိုင်ငံတော်သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးရဲ့ ပြောကြားချက်များထဲက ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါတယ်။