ပြည်သူများက ကြိုသွင်းထားသော ဖုန်းဘေလ်များကို သုံးစွဲသူ ခွင့်ပြုချက်မရှိဘဲ အခြားဝန်ဆောင်မှုများအတွက် အခကြေးငွေ ဖြတ်သည့် ဖုန်းအော်ပရေတာကုမ္ပဏီများကို တရားစွဲမည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဆို
တယ်လီဖုန်းအော်ပရေတာ ကုမ္ပဏီများအနေနဲ့ ပြည်သူများက ကြိုတင်ပေးသွင်းထားသော ဖုန်းဘေလ်များကို အခြားသော ဝန်ဆောင်မှုများအတွက် သုံးစွဲသူရဲ့ သဘောတူခွင့်ပြုချက်မရှိဘဲ အခကြေးငွေ ဖြတ်တောက်ယူငင်မှုတွေကို အမျိုးသားလွှတ်တော် ဆက်သွယ်ရေးကော်မတီနှင့် ညှိနှိုင်းတရားစွဲဆိုသွားမယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးက ပြောပါတယ်။