“ပွင့်ပွင့်လင်းလင်းပြောရရင် ဖွဲ့စည်းပုံပြင်ဆင်ဖို့ NLD ပါတီရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ ပါတဲ့အတွက် ဖွဲ့စည်းပုံပြင်ဆင်ဖို့လုပ်တယ်ဆိုတဲ့ Image ကိုယူခြင်းဖြစ်ပါတယ်”
ဗိုလ်မှူးချုပ်မောင်မောင်(တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်)
ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင်ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် တင်သွင်းထားတဲ့ ဥပဒေမူကြမ်းခုနှစ်ခုမှ ပြင်ဆင်ချက်တွေကို ပေါင်းစည်းပြီး ဥပဒေကြမ်း လေ့လာစိစစ်ရေးပူးပေါင်းကော်မတီက လွှတ်တော်သို့တင်ပြမှုအပေါ် ဥပဒေကြမ်းတစ်ခုစီသာထားရှိရန် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်ဗိုလ်မှူးချုပ် မောင်မောင်က မတ်တပ်ရပ် ကန့်ကွက်ခဲ့ခြင်းဖြစ်ပါတယ်။