■ Unsung Hero ၊ အသံတိတ်သူရဲကောင်း

■ Unsung Hero ၊ အသံတိတ်သူရဲကောင်း
Published 15 February 2020

 

Unsung Hero ၊ အသံတိတ်သူရဲကောင်းတွေက ဘောလုံးကမ္ဘာထဲ ဒုနဲ့ဒေးပါပဲ။ ဘန်ဇီမာဟာ ဒီလိုအမျိုးအစားထဲမှာ ပါဝင်သူလို့ ဆိုရမယ်။ သူဟာ သူ့ရဲ့ ခြေစွမ်းရှိသလောက် ဘယ်တုန်းကမှ မကျော်ကြားခဲ့သူလို့ ပြောနိုင်တယ်။ 

ဘန်ဇီမာဟာ Bass ဂစ်တာသံတစ်ခုလို။ ကြားရခက်ပေမယ့် ကြားနိုင်စွမ်းရှိတဲ့သူတွေရဲ့ နားထဲမှာတော့ အလွန်သာယာချိုမြတဲ့ တေးသံကို ပေးစွမ်းပါတယ်။

ဘန်ဇီမာဟာ False 9 အဖြစ်သာမက၊ Target Man အဖြစ်ပါ ထူးထူးချွန်ချွန်ကစားပြနိုင်တဲ့ ရှားရှားပါးပါးကစားသမားတစ်ဦးလည်း ဖြစ်တယ်။ 

ဘန်ဇီမာဟာ ဂန္ထဝင်စာရင်းထဲ ထည့်ထိုက်နေပါပြီလို့ဆိုရင် လူအများစုက အင်တင်တင်ဖြစ်နေကြလိမ့်မယ်။ သူ့ဘဝက ဒီလိုဖြစ်ဖို့ ကံပါလာတယ်ပဲ ထင်ပါတယ်။ လက်ရွေးစင်အသင်းမှာ၊ ကလပ်အသင်းမှာ သူဟာ မေ့လျော့ခံရသူဖြစ်ပါတယ်။ ဒီနေ့ဘောလုံးကမ္ဘာရဲ့ အမေ့လျော့ခံ ဖြစ်တည်မှုတစ်ခု၊ The Most Underratted Player တစ်ဦးပဲ ဖြစ်ပါတော့တယ်။

■ (Zawgyi ျဖင့္ ဖတ္ရန္)

■ Unsung Hero ၊ အသံတိတ္သူရဲေကာင္း

Unsung Hero ၊ အသံတိတ္သူရဲေကာင္းေတြက ေဘာလံုးကမၻာထဲ ဒုနဲ႔ေဒးပါပဲ။ ဘန္ဇီမာဟာ ဒီလိုအမ်ဳိးအစားထဲမွာ ပါ၀င္သူလို႔ ဆိုရမယ္။ သူဟာ သူ႕ရဲ႕ ေျခစြမ္းရွိသေလာက္ ဘယ္တုန္းကမွ မေက်ာ္ၾကားခဲ့သူလို႔ ေျပာႏိုင္တယ္။ 

ဘန္ဇီမာဟာ Bass ဂစ္တာသံတစ္ခုလို။ ၾကားရခက္ေပမယ္႕ ၾကားႏုိင္စြမ္းရွိတဲ့သူေတြရဲ႕ နားထဲမွာေတာ့ အလြန္သာယာခ်ဳိျမတဲ့ ေတးသံကုိ ေပးစြမ္းပါတယ္။

ဘန္ဇီမာဟာ False 9 အျဖစ္သာမက၊ Target Man အျဖစ္ပါ ထူးထူးခၽြန္ခၽြန္ကစားျပႏုိင္တဲ့ ရွားရွားပါးပါးကစားသမားတစ္ဦးလည္း ျဖစ္တယ္။ 

ဘန္ဇီမာဟာ ဂႏၳ၀င္စာရင္းထဲ ထည့္ထုိက္ေနပါၿပီလို႔ဆိုရင္ လူအမ်ားစုက အင္တင္တင္ျဖစ္ေနၾကလိမ့္မယ္။ သူ႔ဘ၀က ဒီလိုျဖစ္ဖို႔ ကံပါလာတယ္ပဲ ထင္ပါတယ္။ လက္ေရြးစင္အသင္းမွာ၊ ကလပ္အသင္းမွာ သူဟာ ေမ႕ေလ်ာ့ခံရသူျဖစ္ပါတယ္။ ဒီေန႔ေဘာလံုးကမၻာရဲ႕ အေမ့ေလ်ာ့ခံ ျဖစ္တည္မႈတစ္ခု၊ The Most Underratted Player တစ္ဦးပဲ ျဖစ္ပါေတာ့တယ္။

Most Viewed

Most Recent