■ နိုင်လွတ်လုံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ပြည်သူ့လွှတ်တော်သို့ တင်သွင်းပြီး ဥပဒေပါပြစ်မှုများကို အာမခံပေးနိုင်သော ပြစ်မှုများအဖြစ် သတ်မှတ်ရန် အဆိုပြုထား
■ ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်ပြီး ပြင်ဆင်မှုတက်ပေးရန် တင်ပြခဲ့သော်လည်း တိုင်းဥပဒေချုပ်ရုံးက ပြင်ဆင်မှုတင်သွင်းရန် မသင့်ကြောင်း ဆုံးဖြတ်
■ ကုမ္ပဏီတစ်ခုအား ကျပ် ၂၃ ဘီလီယံ တန်ဖိုးရှိ မြေကိုးဧကကျော် မြေဌားဂရန် ထုတ်ပေးထားခြင်းမှာ သမ္မတဦးသိန်းစိန် လက်ထက်တွင် ဖြစ်ခဲ့ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် ပြောကြား
■ အဂတိလိုက်စားမှု ဥပဒေဖြင့် တရားစွဲခံထားရသူ ထိုင်းအလုပ်သမား သံအရာရှိဟောင်း၏ ရှေ့နေက အမှုများအား တပေါင်းတည်း စစ်ဆေးပေးပါရန် လျှောက်ထား