ကမ္ဘာကျော် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဆိုတာ ကမ္ဘာ့ဘောလုံးလောကမှာ ပါရမီထူးခြားစွာ ရပ်တည်နေတဲ့ သက်ရှိဂန္ထဝင်တစ်ယောက်လို့ ဆိုရပါလိမ့်မယ်။
ဘောလုံးဝါသနာရှင်တစ်ဦးအတွက် တစ်ခေတ်မှာ တစ်ယောက်ထွန်းဆိုသလို ပေါ်ထွက်လာတဲ့ မက်ဆီလို ဘောလုံးသမားမျိုးရဲ့မှော်ဝင်ခြေစွမ်းတွေ၊ သွင်းဂိုးတွေကို ကြည့်ရတာ နှစ်ချို့ပျားရည်ဝိုင်တစ်ခွက်ကို သောက်သုံးရသလို အရသာရှိစေမှာ အမှန်ပါပဲ။
ဒါပေမဲ့ မက်ဆီရဲ့နံရိုးတစ်ချောင်းလို့ တင်စားရမယ့် ဇနီးဖြစ်သူ အန်တိုနယ်လာရော့ကတ်ဇိုကိုတော့ ဒီပျားရည်ဝိုင် သောက်သုံးသူစာရင်းထဲကနေ ဖယ်ထုတ်ထားရပါလိမ့်မယ်။
ငယ်ချစ်အန်တိုနယ်လာရော့ကတ်ဇိုက ဘောလုံးကို စိတ်မဝင်စားသလို၊ သားကြီးဖြစ်သူ သီယာဂိုကလည်း စီရော်နယ်လ်ဒိုပရိသတ် ဖြစ်နေပြန်တယ်။ ဒီအကြောင်းအရာတွေဟာ မက်ဆီအတွက် ခံစားရခက်စေနိုင်ပေမယ့် မေတ္တာတရားကြီးမားစွာပဲ မက်ဆီဟာ မိသားစုအတွက် စစ်မှန်တဲ့အနွေးဓာတ်တွေ ပေးနေပါတယ်။