Football Talkshow (ရုပ်သံအစီအစဉ်)

Football Talkshow (ရုပ်သံအစီအစဉ်)
Published 27 February 2020

ရီးယဲလ်မက်ဒရစ်နှင့် မန်စီးတီး ၊ လိုင်ယွန်နှင့် ဂျူဗင်တပ်စ် (ဖေဖော်ဝါရီ ၂၇ ရက်၊ မြန်မာစံတော်ချိန် နံနက် ၂း၃၀ နာရီ)

■ ချန်ပီယံလိဂ်အစဉ်အလာ၊ အတွေ့အကြုံချင်းယှဉ်ရင် ရီးယဲလ်နဲ့ မန်စီးတီးရဲ့အဆင့်အတန်းက မိုးနဲ့မြေလို ကွာတယ်။ ဒါပေမဲ့ လက်ရှိရင်ဆိုင်နေရတဲ့ ဖိအား၊ တွန်းအားတွေအရ မန်စီးတီးအတွက် ဒီပွဲက အသက်တမျှလို့ပဲပြောရမယ်။ ဘာနေဗျူးမှာ ဂွါဒီယိုလာ ရလဒ်ကောင်းယူနိုင်မယ်။ မန်စီးတီးသရေ ဒါမှမဟုတ် ကပ်နိုင်လိမ့်မယ်။

■ လိုင်ယွန်ရော၊ ဂျူဗင်တပ်စ် နှစ်သင်းလုံးက တိုက်စစ်၊ ခံစစ်တွေမှာ အားနည်းချက်ကိုယ်စီရှိနေတယ်။ အဝေးကွင်းကစားရမယ့် ဂျူဗင်တပ်စ်ကို သိပ်မျှော်လင့်လို့မရပေမယ့် သူတို့မှာ ချန်ပီယံလိဂ်လူသား စီရော်နယ်လ်ဒို ရှိနေတယ်။ ဒီပွဲရဲ့အလှည့်အပြောင်းက စီရော်နယ်လ်ဒိုဖြစ်လာနိုင်ပြီး ဂျူဗင်တပ်စ် ရလဒ်ကောင်းမယ်။

ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ပွဲစဉ်နှစ်ပွဲဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်နဲ့ မန်စီးတီး ၊ လိုင်ယွန်နဲ့ ဂျူဗင်တပ်စ် အသင်းတို့ရဲ့ ပွဲကြိုအကြောင်းအရာတွေနဲ့ ဖြစ်နိုင်ဖွယ်ရလဒ်တွေကို Eleven Sports ရဲ့ အကြီးတန်းအယ်ဒီတာ ကိုလင်းအာကာနဲ့ အယ်ဒီတာ ကိုနေလင်းထက်တို့က သုံးသပ်ပေးထားပါတယ်။

Most Viewed

Most Recent