ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်အတွင်း မြန်မာအလုပ်သမားလေးဦးအသတ်ခံရမှုဖြစ်စဉ်မှ ကျူးလွန်သူဟု ဆိုသူ နှစ်ဦးကို ဘားအံမြို့နယ်အတွင်း ဖမ်းမိ
ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင် မဲဆောက်မြို့နယ် မယ်တော် အမှတ် ၁ ရပ်ကွက်၊ ကြံစိုက်ခင်းခြံမှာ ဒီဇင်ဘာလ ၁၆ ရက် နေ့ မနက်ပိုင်းက မြန်မာ အလုပ်သမား မိသားစုဝင်လေးဦး အသတ်ခံရတဲ့ လေးလောင်းပြိုင်လူသတ်မှု ဖြစ်စဉ်မှ ကျူးလွန်သူလို့ဆိုသူနှစ်ဦးကို ဘားအံမြို့နယ်အတွင်းမှာ ဒီဇင်ဘာ ၁၉ ရက် ညပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။