■ တင်းနစ်သံသရာရပ်ဝန်းမှာ ထာဝရမွှေးပျံ့မယ့် နှင်းဆီ (ရုပ်သံအစီအစဉ်)

■ တင်းနစ်သံသရာရပ်ဝန်းမှာ ထာဝရမွှေးပျံ့မယ့် နှင်းဆီ (ရုပ်သံအစီအစဉ်)
Published 28 February 2020

■ တင်းနစ်သံသရာရပ်ဝန်းမှာ ထာဝရမွှေးပျံ့မယ့် နှင်းဆီ (ရုပ်သံအစီအစဉ်)

မာရီယာရေ၊ လူပျိုဖော်ဝင်ခါစတုန်းက ငါ့ရဲ့အိပ်မက်တွေထဲ မင်းဟာ နတ်သမီးလို ကိုယ်ထင်ပြခဲ့ဖူးတယ်၊ ငါရဲ့ ညိုညစ်ညစ်ဒိုင်ယာရီစာအုပ်လေးထဲ မင်းဓာတ်ပုံအပိုင်းအစတွေ ကပ်ထားဖူးတယ်။ အားကစားဂျာနယ်တစ်ခုရဲ့ ခေါင်းကြီးသတင်းမှာ မင်းပါလာတိုင်း၊ ဂရင်းစလင်းချန်ပီယံဆုတွေ ဆွတ်ခူးလေတိုင်း ကမ္ဘာတစ်ဖက်ခြမ်းကနေ ပျော်ရွှင်ကြည်နူးနေရသူဟာ ငါပါပဲ။ ဝီလျှံစ်ညီအစ်မရဲ့ သန်မာလွန်းတဲ့ ရိုက်ချက်တွေကြောင့် မင်းအညံ့ခံရတဲ့အခါ၊ မင်းအော်သံတွေ နာကျင်ဖွယ်ရာပျံ့နှံ့လာတဲ့အခါ၊ ငါ့နှလုံးသားတစ်ခုလုံး ဖျစ်ညှစ်ခံထားရသလို ခံစားခဲ့ရသူရယ်ပါ။ မာရီယာရေ၊ မင်းရဲ့ လက်ဖမိုးပေါ်က ရွှေရောင်မွှေးညှင်းများမှာ အဖန်ငါးရာငါးကမ္ဘာ ကပ်ငြိချင်သူဟာ ငါပါပဲ။  

၂၀၂၀ ဟာ ကမ္ဘာမြေဆီ နာကျင်စရာတွေပဲ လက်ဆောင်ပေးနေတယ်။ အမေရိကန်နဲ့ အီရန်ပဋိပက္ခကြောင့် တတိယကမ္ဘာစစ်ဖြစ်တော့မလားဆိုပြီး ငါတို့ဟာ စိုးထိတ်ခဲ့ကြ၊ ပြီးတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ ငါတို့စွဲလန်းခဲ့ဖူးရာ ဇာတ်လမ်းတွဲတွေထဲကလို အလုံပိတ်မြို့တော်များ ဖြစ်စေခဲ့၊ ကပ်ရောဂါတစ်ခုလို လူသားတွေရဲ့ ပျော်ရွှင်ခြင်းကို စုပ်ယူခဲ့၊ ဒါတွေထက် မင်းအနားယူပြီဆိုတဲ့သတင်းဟာ ငါ့ကို ပိုပြီးလှုပ်လှုပ်ခတ်ခတ်ဖြစ်စေပါရဲ့ မာရီယာ။

Most Viewed

Most Recent