မတ် ၂ ရက်တွင် ပါလီမန် အထူးအစည်းအဝေး ကျင်းပမည် မဟုတ်ကြောင်းနှင့် ပါတီများအလိုက် ဝန်ကြီးချုပ်လောင်း အမည်စာရင်းများ တင်သွင်းခွင့်ပြုမည်ဟု မလေးရှားဘုရင် အတည်ပြု
လာမယ့် မတ်လ ၂ ရက်နေ့မှာ ပါလီမန်အထူးအစည်းအဝေး ကျင်းပသွားမှာ မဟုတ်ကြောင်းနဲ့ ပါတီခေါင်းဆောင်တွေဟာ ဝန်ကြီးချုပ်နေရာအတွက် ၎င်းတို့ရဲ့ ကိုယ်စားလှယ်လောင်းတွေကို အမည်စာရင်း တင်သွင်းရမှာဖြစ်ကြောင်း မလေးရှားဘုရင်က ဖေဖော်ဝါရီလ ၂၈ ရက်မှာ အတည်ပြုခဲ့တယ်လို့ သိရပါတယ်။