ကိုရိုနာရိုက်ခတ်လာတဲ့ ကမ္ဘာ့အားကစား

ကိုရိုနာရိုက်ခတ်လာတဲ့ ကမ္ဘာ့အားကစား
Published 29 February 2020

■ ကိုရိုနာဗိုင်းရပ်စ်ကတော့ ကမ္ဘာ့အားကစားလောကကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ခြိမ်းခြောက်နေပါပြီ။ အမှတ်ပေးချန်ပီယံဆုကိုင်မြှောက်ရဖို့ နှစ်ပေါင်း(၃၀)စောင့်ဆိုင်းခဲ့ရတဲ့ လီဗာပူးလ်အသင်းတောင် ဒီရာသီ ပရီးမီးယားလိဂ်ရပ်ဆိုင်းခဲ့ရင် ဖလားကိုင်မြှောက်ခွင့်ရမှာမဟုတ်ဘူးဆိုတဲ့ ဟာသဆန်ဆန်ပို့စ်တွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

■ အီတလီမှာလည်း ဗိုင်းရပ်စ်ပျံ့နှံ့မှုက ကြောက်စရာကောင်းပြီး စီးရီးအေပွဲစဉ်အချို့ကို ကွင်းပိတ်ကစားဖို့ စီစဉ်ထားသလို စီးရီးစီ ကစားသမား(၃)ဦးမှာလည်း ရောဂါပိုးတွေ့ရှိကြောင်း သက်ဆိုင်ရာအသင်းကထုတ်ပြန်ခဲ့ပါတယ်။

■ ယူရို-၂၀၂၀ ပြိုင်ပွဲရဲ့အဖွင့်ပွဲကို အီတလီနိုင်ငံ၊ ရောမမြို့မှာကစားသွားမှာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် (၄)နှစ်တစ်ကြိမ်ကျင်းပတဲ့ ယူရိုပြိုင်ပွဲရွှေ့ပြောင်းရမယ့်အခြေအနေမျိုးဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ အန္တရာယ်ကြောင့် ၂၀၂၀ တိုကျို အိုလံပစ်ပြိုင်ပွဲပြင်ဆင်မှုအပေါ် အကြီးအကျယ်ခြောက်လှန့်နေပါတယ်။

■ (၂)လကျော်ကာလအတွင်း အရှိန်အဟုန်မြင့် တိုးပွားလာတဲ့ ကိုရိုနာဗိုင်းရပ်စ်က ကမ္ဘာ့အားကစားလောကကို ဘယ်လောက် ဒုက္ခပေးဦးမလဲဆိုတာကို စိုးရိမ်စိတ်တွေနဲ့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

Most Viewed

Most Recent