ဆီးရီးယားတွင် အမေရိကန်က ISIS ဂျီဟတ်အဖွဲ့အား ချေမှုန်းနိုင်ခဲ့ပြီးဖြစ်သည်ဟု ထရန့်ပြောကြားခဲ့ပြီး အမေရိကန်တပ်ဖွဲ့များကို ပြန်လည်ရုပ်သိမ်းရန် စီစဉ်
ပြည်တွင်းစစ်ဖြစ်ပွားခဲ့တဲ့ ဆီးရီးယားမှာ အမေရိကန်က ISIS ဂျီဟတ်အဖွဲ့အား ချေမှုန်းနိုင်ခဲ့ပြီးဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့ပြီး ဆီးရီးယားမှ အမေရိကန်တပ်ဖွဲ့များကို ပြန်လည်ရုပ်သိမ်းသွားမယ်လို့ အမေရိကန်တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၁၉ ရက်မှာ ပြောကြားခဲ့ပါတယ်။