နာဂစ်ကွန်ရက်လမ်းမဟာဗျူဟာလမ်းမကြီးအမှတ်(၅) လမ်းပိုင်းနှင့် တံတားများဆိုးဝါးစွာပျက်စီးနေမှုကိုအမြန်ဆုံးပြင်ဆင်ပေးသွားမည်ဟု သက်ဆိုင်ရာတိုင်းဝန်ကြီးပြော
ဧရာဝတီတိုင်းဒေသကြီးအတွင်းကနာဂစ်ကွန်ရက်လမ်းမဟာဗျူဟာလမ်းမကြီးအမှတ်(၅) လမ်းပိုင်းနှင့် တံတားများဆိုးဝါးစွာပျက်စီးနေမှုကိုအမြန်ဆုံးပြင်ဆင်ပေးသွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးဝင်းဌေးကပြောပါတယ်။