အယုံအကြည်မရှိအဆို ရင်ဆိုင်ရဖွယ်ရှိနေသည့် မလေးရှားဝန်ကြီးချုပ်သစ် ပါလီမန်ကို နှစ်လကြာ ရွှေ့ဆိုင်း (ရုပ်သံ)
အတိုက်အခံတွေရဲ့ အယုံအကြည်မရှိအဆိုတင်သွင်းမှုနဲ့ ရင်ဆိုင်ရဖွယ်ရှိနေတဲ့ မလေးရှားဝန်ကြီးချုပ်သစ် မူယက်ဒင် ယက်ဆင်ဟာ ပါလီမန်ရဲ့ လုပ်ငန်းဆောင်တာတွေ စတင်မှုကို နှစ်လရွှေ့ဆိုင်းလိုက်တယ်လို့ ပါလီမန်ဥက္ကဋ္ဌဖြစ်သူက မတ်လ ၄ ရက်နေ့မှာ ပြောပါတယ်။