ရေကူးကန်ထဲမှာ တစ်နေကုန် ရေနစ်တဲ့ဇာတ်ဝင်ခန်း ရိုက်ကူးရင်း တကယ်လည်း ရေနစ်ခဲ့တယ်ဆိုတဲ့ လိပ်ပြာစံအိမ်ဇာတ်ကားအကြောင်းပြောတဲ့ ဝတ်မှုန်ရွှေရည်
၂၀၁၉ နှစ်ဆန်းပိုင်းမှာရုံတင်ပြသတော့မယ့် ထိုင်းဒါရိုက်တာ Chartchai Ketnust ရိုက်ကူးတဲ့ လိပ်ပြာစံအိမ် အမည်ရ ၀ိညာဉ်ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင် ဝတ်မှုန်ရွှေရည်ဟာ သားသမီးအပေါ်တာဝန်ကျေချင်တဲ့ မိခင်တစ်ယောက် အနေနဲ့ပါဝင်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားထဲက ရေနစ်တဲ့ဇာတ်ဝင်ခန်းအတွက် တစ်နေကုန်ရေကူးကန်ထဲမှာရိုက်ကူးရင်း တကယ်လည်းရေနစ်ခဲ့ပြီး အရမ်းကြောက်ခဲ့တယ်လို့ ဝတ်မှုန်ရွှေရည်ကဇာတ်ကားအတွေ့အကြုံတွေကို ခုလိုဆိုပါတယ်။