ပြီးခဲ့တဲ့နောဝစ်ချ်နဲ့ အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲအပြီးမှာ စပါးကွင်းလယ်လူ အဲရစ်ဒိုင်ယာက ပွဲကြည့်စင်ပေါ် ခုန်တက်ပြီး ပရိသတ်တစ်ဦးကို ရန်မူတုံ့ပြန်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ဟာ အံ့အားသင့်စရာဆိုပေမယ့် ဖြစ်ရပ်နောက်ကွယ်မှာ ဒိုင်ယာရဲ့ မိသားစုချစ်စိတ်ရှိနေပါတယ်။
အရင်တုန်းကလည်း အဲရစ်ကန်တိုနာ၊ ဇီဒန်းတို့ဟာ သူ့တို့ရဲ့ မိဘတွေကို စော်ကားပြောဆိုခဲ့သူတွေကို လက်တုံ့ပြန်မှုတွေရှိခဲ့ဖူးပြီး အဲဒီဖြစ်ရပ်တွေဟာ ကမ္ဘာကျော်ခဲ့သလို၊ ပရိသတ်များစွာကလည်း အဲရစ်ကန်တိုနာ၊ ဇီဒန်းတို့ရဲ့ လုပ်ရပ်တွေကို အပြစ်မမြင်ခဲ့ကြဘူး။
ဘောလုံးကမ္ဘာမှာ ပရော်ဖက်ရှင်နယ်ကစားသမားတွေ စောင့်ထိန်းရတဲ့စည်းမျဉ်းစည်းကမ်းတွေ၊ကျင့်ဝတ်တွေရှိပါတယ်။ ပရိသတ်တွေကိုဖြစ်စေ၊ ပြိုင်ဘက်ကိုဖြစ်စေ ကိုယ်ထိလက်ရောက်ကျူးလွန်တာဟာ လက်သင့်မခံနိုင်တဲ့အရာဖြစ်ပြီး ပြင်းထန်တဲ့ပြစ်ဒဏ်ချမှတ်ခံရနိုင်ပါတယ်။ ဒါပေမဲ့ ကန်တိုနာ၊ ဇီဒန်း၊ အဲရစ်ဒိုင်ယာတို့ရဲ့ လုပ်ရပ်တွေမှာ ပရိသတ်တွေ အပြစ်မြင်ဘဲ အားပေးထောက်ခံခဲ့ကြတာဟာ စည်းမျဉ်းစည်းကမ်း၊ ကျင့်ဝတ်ဆိုတဲ့အရာတွေကြားမှာ လူတစ်ဦးရဲ့ ခံစားချက်ကိုတန်ဖိုးထားလေးစားတဲ့ လူသားဆန်မှုဆိုတာလေးက တွယ်ငြိနေတာကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။
■ (Zawgyi ျဖင့္ ဖတ္ရန္)
■ မိသားစုခ်စ္သူ အဲရစ္ဒုိင္ယာနဲ႔ မဟုတ္မခံစိတ္ အမွားအမွန္ (Feature)
ၿပီးခဲ့တဲ့ေနာ၀စ္ခ်္နဲ႔ အက္ဖ္ေအဖလားပဥၥမအဆင့္ပြဲအၿပီးမွာ စပါးကြင္းလယ္လူ အဲရစ္ဒုိင္ယာက ပြဲၾကည့္စင္ေပၚ ခုန္တက္ၿပီး ပရိသတ္တစ္ဦးကို ရန္မူတံု႔ျပန္ဖို႔ ႀကိဳးစားခဲ့ပါတယ္။ အဲဒီျဖစ္ရပ္ဟာ အံ့အားသင့္စရာဆုိေပမယ့္ ျဖစ္ရပ္ေနာက္ကြယ္မွာ ဒုိင္ယာရဲ႕ မိသားစုခ်စ္စိတ္ရွိေနပါတယ္။
အရင္တုန္းကလည္း အဲရစ္ကန္တိုနာ၊ ဇီဒန္းတို႔ဟာ သူ႕တုိ႔ရဲ႕ မိဘေတြကို ေစာ္ကားေျပာဆုိခဲ့သူေတြကို လက္တံု႔ျပန္မႈေတြရွိခဲ့ဖူးၿပီး အဲဒီျဖစ္ရပ္ေတြဟာ ကမၻာေက်ာ္ခဲ့သလို၊ ပရိသတ္မ်ားစြာကလည္း အဲရစ္ကန္တုိနာ၊ ဇီဒန္းတို႔ရဲ႕ လုပ္ရပ္ေတြကို အျပစ္မျမင္ခဲ့ၾကဘူး။
ေဘာလံုးကမၻာမွာ ပေရာ္ဖက္ရွင္နယ္ကစားသမားေတြ ေစာင့္ထိန္းရတဲ့စည္းမ်ဥ္းစည္းကမ္းေတြ၊က်င့္၀တ္ေတြရွိပါတယ္။ ပရိသတ္ေတြကိုျဖစ္ေစ၊ ၿပိဳင္ဘက္ကိုျဖစ္ေစ ကိုယ္ထိလက္ေရာက္က်ဴးလြန္တာဟာ လက္သင့္မခံႏုိင္တဲ့အရာျဖစ္ၿပီး ျပင္းထန္တဲ့ျပစ္ဒဏ္ခ်မွတ္ခံရႏုိင္ပါတယ္။ ဒါေပမဲ့ ကန္တုိနာ၊ ဇီဒန္း၊ အဲရစ္ဒုိင္ယာတုိ႔ရဲ႕ လုပ္ရပ္ေတြမွာ ပရိသတ္ေတြ အျပစ္ျမင္ဘဲ အားေပးေထာက္ခံခဲ့ၾကတာဟာ စည္းမ်ဥ္းစည္းကမ္း၊ က်င့္၀တ္ဆိုတဲ့အရာေတြၾကားမွာ လူတစ္ဦးရဲ႕ ခံစားခ်က္ကိုတန္ဖိုးထားေလးစားတဲ့ လူသားဆန္မႈဆိုတာေလးက တြယ္ၿငိေနတာေၾကာင့္ပဲ ျဖစ္ပါလိမ့္မယ္။