■NLD က အခု(ဖွဲ့စည်းပုံ) ပြင်တဲ့အခါမှာ ပြင်လို့မရမှန်းသိရဲ့သားနဲ့ ပြင်တယ်ဆိုတာလည်းမဟုတ်ဘူး ပြင်လို့ရမယ်လို့ ယုံကြည်မျှော်လင့်ပြီး ပြင်တာလည်းမဟုတ်ဘူး ဒီကာလမှာ ပြင်ထိုက်တယ်လို့ ယုံကြည်တာတွေကို ပြင်တာ။
ဦးအောင်ကြည်ညွှန့် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ် -၄)
(မတ် ၁၃ ရက်နေ့က ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်၏အဆုံးအဖြတ် ရယူခြင်း အစီအစဉ်အပြီး မီဒီယာများနှင့်တွေ့ဆုံစဉ် ဦးအောင်ကြည်ညွှန်၏ ပြောကြားချက်များမှ ထုတ်နုတ်ဖော်ပြ ပေးထား ခြင်းဖြစ်ပါသည်။)