ပြန်ကြားရေးဝန်ကြီးဌာနကညွှန်ကြားချက်ထွက်လာလို့ တစ်နိုင်ငံလုံးကရုပ်ရှင်ရုံတွေကို စတင်ပိတ်ပါပြီ၊လို့ပြောပြခဲ့တဲ့- ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးညီညီထွန်းလွင်
ရုပ်ရှင်ရုံတွေပိတ်ဖို့အတွက် ဒီကနေ့ မတ်လ၁၆ရက် နေ့မှာ ပြန်ကြားရေးဝန်ကြီးဌာနကနေညွှန်ကြားချက် ထွက်လာတာကြောင့် တစ်နိုင်ငံလုံးကရုပ်ရှင်ရုံတွေကိုစတင်ပိတ်သိမ်းပြီဖြစ်ကာရုပ်ရှင်ရုံတွေပိတ်ခြင်းကြောင့် ထိခိုက်နစ်နာ မှု တွေရှိပေမယ့် COVID – 19 ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါကြောင့် အန္တရာယ်များတဲ့ကာလမှာခုလိုပိတ်လိုက်တာကိုထောက်ခံအားပေးပါတယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌဦးညီညီထွန်းလွင်ကခုလိုပြောပြခဲ့ပါတယ်။