“မိမိတို့ အနိုင်ရလို့ တစ်ဖက်သားကို မထီမဲ့မြင်ပြုတာတွေ ပျက်ရယ်ပြုတာတွေ လုံးဝလုပ်ဆောင်ခြင်းမရှိဘဲ လူကြီးလူကောင်းဆန်ဆန်ပြုမူ ဆောင်ရွက်လျှက်ရှိပါတယ်”
ဗိုလ်မှူးချုပ် မောင်မောင်
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းပါ ပုဒ်မ ပုဒ်မခွဲများကို မဲခွဲဆုံးဖြတ်ရာ ခုနှစ်ရက်တာရလဒ်အထိ အချက်တော်တော်များများကို ၇၅ ရာခိုင်နှုန်း ကျော်လွန်ခြင်းမရှိတဲ့အတွက် ပြင်ဆင်ခွင့်မရရှိတဲ့အပေါ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်ဘက်က ပြန်လည်ဖြေကြားထားမှုကို ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါတယ်။