သဘင်မျိုးရိုးမဟုတ်သလို ဇာတ်လည်းမကတတ်ဘဲ အရမ်းကြိုက်နှစ်သက်ပြီး စိတ်ကူးယဉ်ခဲ့ဖူးတဲ့ “လင်္ကာဒီပချစ်သူ” ဝတ္ထုကို စင်တင်ပြဇာတ်တင်ဆက်မှုမှာ အတတ်နိုင်ဆုံး ဖျော်ဖြေနိုင်ခဲ့တဲ့အတွက် ဝမ်းသာရပြီး အကောင်းဆုံး မလုပ်ဆောင်နိုင် ခဲ့တာကိုတော့ စိတ်မကောင်းဖြစ်မိတယ်လို့ “လက္ခဏ” မင်းသားအဖြစ်ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တိုင်ရွန်က ပြောပါတယ်။ ဝေဖန်မှုအများအပြား ထွက်ပေါ်ခဲ့တဲ့ “လင်္ကာဒီပချစ်သူ”စင်တင်ပြဇာတ်ကို ဒီဇင်ဘာ(၁၄)ရက်နဲ့ (၁၅)ရက်နေ့က မန္တလေး အမျိုးသားကဇာတ်ရုံမှာ တင်ဆက်ကပြခဲ့တာဖြစ်ပြီး မန္တလေးပရိသတ်တွေကတော့ ရုံပြည့်ရုံလျှံ လာရောက်အားပေး ခဲ့ကြတယ်လို့လည်း သရုပ်ဆောင် တိုင်ရွန်က ပြောပါတယ်။
သဘင်မျိုးရိုးမဟုတ်သလို ဇာတ်လည်းမကတတ်ဘဲ အကောင်းဆုံး မလုပ်ဆောင်နိုင်ခဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ် ဆိုတဲ့ တိုင်ရွန် (ရုပ်သံ)