လူထောင်သောင်းချီဖျားနာနေကြပါတယ်။ မတ်လ၂၀ရက်နေ့အထိသေဆုံးသူ ၁၀၀၄၈ကျော်ရှိနေပြီဖြစ်ပါတယ်။ လူတွေရဲ ့အကြောက်တရားဟာဗိုင်းရပ်စ်ပိုးထက်တောင်ကူးစက်မှုပိုမိုမြန်ဆန်နေပါတယ်။စက်ရုံအလုပ်ရုံတွေ ပိတ်ထားရတယ်။ ကားလမ်းတွေပိတ်ထားရတယ်။ကျေးရွာတွေကိုပိတ်ထားရပါတယ်။ မြို ့ကြီးပြကြီးတွေကို ပိတ်ထားလိုက်ရပါတယ်။ကိုရိုနာဗိုင်းရပ်စ်လို့ခေါ်တဲ့ ကိုဗစ်နိုင်တင်းကူးစက်မြန်ကပ်ရောဂါကျရောက်မှု ဟာ၁၉၈၉တုန်းက တီယန်နန်မန်ရင်ပြင်ဖြိုခွင်းမှုအပြီး တရုတ်အာဏာပိုင်တွေအသည်းအသန်ရင်ဆိုင်ဖြေ ရှင်းနေရတဲ့အပြင်းထန်ဆုံးလူမှုနိုင်ငံရေးပြသာနာတစ်ရပ်ဖြစ်ပါတယ်။ဒီပြသာနာဟာတရုတ်တစ်နိုင်ငံတည်းမှာ ပဲကွက်ပြီးဖြစ်ပေါ်နေတာမဟုတ်ပါဘူး။နယ်နိမိတ်တွေကိုဖြတ်သန်းပြီး ကိုရိုနာဗိုင်းရပ်စ်ရဲ ့ကူးစက်မှုနဲ့ အဲ့ဒီကူးစက်မှုအပေါ် ထိတ်လန့်ခြောက်ခြားစရာတုံ့ပြန်မှုတို့ဟာကမ္ဘာ့စီးပွားရေး၊ကမ္ဘာ့နိုင်ငံရေး၊ကမ္ဘာ့လုံခြုံ ရေးနဲ့ကမ္ဘာ့အစိုးရတွေအပေါ် အကြီးအကျယ်သက်ရောက်မှုတွေရှိလာနေပါတယ်။