ကိုယ့်ခေါင်းပေါ်ကို ကျလာမယ့် ဗုံးတစ်လုံးထက် ကိုယ့်မျက်စိနဲ့မြင်ရတဲ့ ဘောလုံးတစ်လုံးက ပိုအရေးကြီးတယ်လို့တွေးကြတာလား . . .အ သက်ဘေးထက် ဘောလုံးပွဲငတ်တာက ပိုပြီးဆိုး တယ်လို့ပဲ တွေးကြတာလား . . . ဒီလိုလူတွေ ကြောင့် စစ်မီးစစ်လျှံဟုန်းဟုန်းတောက် လောင် မြိုက်နေချိန်အင်္ဂလန်နိုင်ငံမှာ ဘောလုံးပြိုင်ပွဲ တစ်ခု ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ဒုတိယကမ္ဘာစစ်အ တွင်း ကျင်းပခဲ့တာကြောင့် ဒီပြိုင်ပွဲဟာ Football League War Cup လို့ အမည်တွင်ခဲ့ပါတယ်။
၁၉၄၀ Football League War Cup ဗိုလ်လုပွဲကို ၁၉၄၀ ခုနှစ်၊ ဇွန်လ (၈)ရက်နေ့မှာ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့က ဝင်ဘလေကွင်းမှာ ကျင်းပခဲ့ပြီး ဝက်စ်ဟမ်းအသင်းနဲ့ ဘလက်ဘန်း အသင်းတို့ ကစားခဲ့ကြပါတယ်။ အဲဒီအချိန်က အင်္ဂလန်စစ်တပ်နဲ့ ဂျာမန်စစ်တပ်ရဲ့ တိုက်ပွဲတွေက အရှိန်ကောင်းနေပြီး လန်ဒန်မြေဟာလည်း ဂျာ မန်တို့ရဲ့ ဗုံးကျဲတိုက်ခိုက်မှုကို ခံနေရတဲ့အချိန်ပါ။ လန်ဒန်မြေကို ဂျာမန်လေတပ်ရဲ့ဗုံးကြဲမှုဟာ ဒုတိယကမ္ဘာစစ် စတင်ချိန်ကနေ (၉)လအတွင်း (၁၂၇)ကြိမ်အထိ ရှိခဲ့ပြီး အန္တရာယ်အလွန်များတဲ့အချိန်ပါ။ ဝင်ဘလေကွင်းကလည်း ဂျာမန်လေတပ် ရဲ့ ဗုံးကြဲ ပစ်မှတ်တွေထဲမှာ တစ်ခုအဖြစ်ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ဝက်စ်ဟမ်း - ဘလက်ဘန်းဗိုလ်လုပွဲကို လာကြည့်တဲ့ပရိသတ်က (၄၂၃၉၉)ဦးအထိရှိခဲ့ပါတယ်။