■ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ တားမြစ်ပြစ်မှုများကို ကျူးလွန်ထားသည့် ပုဂ္ဂိုလ်များနှင့် ထိတွေ့ ဆက်ဆံမှုများ၊ ရေးသားဖော်ပြမှုများသည် ပြစ်မှုများကို ကျူးလွန်မိသကဲ့သို့ ဖြစ်နိုင်ဟု ဗိုလ်ချုပ် ထွန်းထွန်းညီ ပြော
■ ဧရာဝတီတိုင်းအတွင်း လူစုဝေးဖြင့် ဘာသာရေးပွဲတော်များ ကျင်းပမှုလျှော့ချပေးရန် တိုင်းဒေသကြီး အစိုးရ ပန်ကြားမည်
■ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်း ရပ်ဆိုင်းစေမှုကြောင့် ကျပ်သိန်း ငါးသောင်းရလိုမှုဖြင့် ကုမ္ပဏီဘက်က တနင်္သာရီတိုင်း တရားလွှတ်တော်ထံ တရားမမှု အဆိုပြုလွှာ တင်
■ 92 တစ်လီတာ ကျပ် ၄၂၀ မှ ၄၇၀ အထိ ဈေးကျနေပြီး တပတ်အတွင်း စက်သုံးဆီဈေးနှုန်းများ တစ်လီတာ ကျပ် ၁၅၀ နီးပါး ကျဆင်း
အစရှိတဲ့ သတင်းတွေ ပါဝင်ပါတယ်။