ကလေးမြို့တွင် ခရစ်စမတ်အကြို အထိမ်းအမှတ်အဖြစ် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များက ဦးဆောင်ကာသံဃာတော် အပါး ၁၀၀ ကိုနေ့ဆွမ်းဆက်ကပ်
ကလေးမြို့ ရိုမန်ကက်သလစ် ကလေးသာသနာပိုင် ဆရာတော်ကြီး ကျောင်းဝင်းအတွင်းမှာ ခရစ်စမတ်အကြို အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များက ဦးဆောင်ပြီး ဗုဒ္ဓဘာသာ သံဃာတော် အပါး ၁၀၀ ကိုနေ့ဆွမ်းဆက်ကပ်ခဲ့တယ်လို့ သိရပါတယ်။