ဖာဂူဆန်ခေတ်လွန် မန်ယူအသင်းဟာ အရှိန်အဝါကျဆင်းလာပါတယ်။ ဒေးဗစ်မွိုက်စ်၊ ဗန်ဟားလ်၊ မော်ရင်ဟိုစတဲ့ နည်းပြ(၃)ဦးပြောင်းလဲခဲ့ပြီး အောင်မြင်မှုလမ်းကြောင်းပေါ်က သွေဖီတဲ့အခြေအနေကိုရောက်ရှိနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မန်ယူက အသင်းဂန္ထဝင်တိုက်စစ်မှူး ဆိုးလ်ရှားကို ယာယီနည်းပြအဖြစ် ခန့်အပ်ပြီး ခေတ်ပြောင်းတော်လှန်ရေးတစ်ခုကို ဆင်နွှဲခဲ့ပါပြီ။ ဆိုးလ်ရှားက မန်ယူနည်းပြဘဝပထမဆုံးပွဲအဖြစ် အဝေးကွင်းမှာ ကာဒစ်ဖ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး သူ့ရဲ့ ရင်ခုန်သံ၊ မျှော်လင့်ချက်စကားသံတချို့ကို ပြန်လည်ဖော်ပြလိုက်ပါတယ်။