■ ငါတို့ကတော့ ဘောလုံးဆက်ကန်နေဦးမယ်

■ ငါတို့ကတော့ ဘောလုံးဆက်ကန်နေဦးမယ်
Published 1 April 2020

ကိုရိုနာဗိုင်းရပ်စ်က ဥရောပဘောလုံးပွဲတွေကို ရပ်နားပစ်လိုက်ပါတယ်။ ဒီဗိုင်းရပ်စ်ကို အထင်သေးမိလို့ အစပိုင်းမှာ ကန်လို့ရသလောက် ကြိုးစားပြီးကန်ခဲ့ကြသေးပေမယ့် နောက်ပိုင်းမှာ သူ့ကို မထီမဲ့မြင်လုပ်လို့မရဘူးဆိုတာ သိလာကြတယ်။ အဲဒီနောက် ဥရောပမှာ ဘောလုံးပွဲတွေကို အလျှိုလျှို ပိတ်သိမ်းလိုက်ရပါတယ်။ ဒါပေမဲ့ တစ်ကိုယ်တည်း တင်းခံနေတဲ့လိဂ်ပြိုင်ပွဲလည်း ရှိပါတယ်။ ဘီလာရုစ်ပရီးမီးယားလိဂ်ပါပဲ။

တာဝန်ရှိသူတွေက ဘောလုံးအသင်း (၂) သင်းစလုံးကို ရောဂါကာကွယ်ရေးလမ်းညွှန်ချက်တွေတော့ ပေးထားတယ်။ လက်ဆေးဖို့၊ ပွေ့ဖက်ခြင်း လက်ဆွဲနှုတ်ဆက်ခြင်းတွေကို ရှောင်ကြဉ်ဖို့၊ စသဖြင့်ပါ။ ကစားကွင်းကို တစ်နေ့ (၂) ကြိမ် ပိုးသတ်ရမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကလည်း အမိန့်ထုတ်ထားတယ်။ ဒါပေမဲ့ လာကြည့်မယ့် ပရိသတ်တွေအတွက် ဘယ်လိုအထူးကန့်သတ်ချက်မျိုးမှ မညွှန်ကြားထားပါဘူး။ သတင်းဓာတ်ပုံတွေအရ လူတိုင်းစေ့ Mask မတပ်ထားကြပါဘူး။