လက်ရှိမှာဆိုရင် မြန်မာနိုင်ငံမှာလည်း COVID – 19 ကိုရိုနာဗိုင်းရပ်ရောဂါဖြစ်ပွားနေတဲ့အတွက် ကဏ္ဍအသီးသီးမှာ စီးပွားရေးအကျပ်အတည်းတွေ ဖြစ်ပေါ်နေပါတယ်။ ရုပ်ရှင်အဖွဲ့သားများထဲမှ စက်မှုအခြေခံလုပ်သားများနဲ့အမေများအဖွဲ့တို့ကလည်း သရုပ်ဆောင် ခန့်စည်သူ ဦးဆောင်တဲ့ မေတ္တာသင်္ဂဟအဖွဲ့ကိုဆက်သွယ်ပြီးအကူအညီတောင်းခံလာတဲ့အတွက် ယနေ့ ဧပြီလ ၃ ရက်နေ့မနက်ပိုင်းက ရုပ်ရှင်အစည်းအရုံးမှာ အခြားသောအလှူရှင်များနဲ့အတူ ငွေသားလှူဒါန်းမှုများပြုလုပ်ဖြစ်ခဲ့တဲ့အကြောင်းကို ခန့်စည်သူ က အခုလိုပဲပြောပါတယ်။