ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်လာစဉ် လုပ်ငန်းခွင်အများစုနှင့် စာသင်ကျောင်းများကို တစ်လကြာ ပိတ်ထားမည်ဟု စင်ကာပူဝန်ကြီးချုပ် ကြေညာ
စင်ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေးအတွက် ပိုမိုတင်းကျပ်တဲ့ အစီအမံတွေကို ချမှတ် လုပ်ဆောင်တဲ့အနေနဲ့ မဖြစ်မနေလိုအပ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ အဓိက စီးပွားရေးလုပ်ငန်းတွေကလွဲပြီး လုပ်ငန်းခွင်အများစုနဲ့ စာသင်ကျောင်းတွေကို တစ်လကြာ ပိတ်ထားမယ်လို့ ဝန်ကြီးချုပ် လီရှန်လွန်းက ဧပြီ ၃ ရက်မှာ ကြေညာလိုက်ပါတယ်။